Latest Movie :

The insidious (2010) မြန်မာစာတန်းထိုး




သရဲကားဆို အရမ်းကြောက်စရာကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် အရမ်းအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် IMDB rating အနေနဲ့ကတော့ 6.8 အထိ ရထားတဲ့ကားလေးဖြစ်ပီး ဒီကားရိုက်တဲ့ ဒါရိုက်တာဟာလည်း The Conjuring , Annabelle ,Saw တို့လိုမျိုး အရမ်းအောင်မြင်ခဲ့တဲ့ သဲထိပ်ရင်ဖိုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ James Wam ပဲဖြစ်ပါတယ် ဇာတ်ကြောင်းလေးကို နည်းနည်းပြောပြကြည့်ပါ့မယ်

ဇာတ်လမ်းအစပိုင်းမှာတော့Josh နဲ့ သူ့မိန်းမဖြစ်သူ Renai တို့ဟာ သူတို့ကလေးတွေဖြစ်တဲ့ Dalton, Foster နဲ့ Cali တို့နဲ့အတူ အိမ်ပြောင်းလာခဲ့ကြပါတယ် တစ်နေ့မှာ Dalton ဟာ လှေကားပေါ်က ပြုတ်ကျပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ ရိုက်မိခဲ့ပါတယ် နောက်တစ်နေ့မနက်မှာတော့ Dalton ဟာပြန်မနိုးလာတော့ပဲ ကိုမာရောဂါ ဖြစ်သွားပေမယ့် ဒေါက်တာတွေကတော့ သူ့ရောဂါရဲ့ အရင်းအမြစ်ကို ရှာဖွေမတွေ့ခဲ့ပါဘူး ဒီလိုနဲ့ ၃ လကြာပြီးတဲ့နောက်မှာ သူတို့အိမ်မှာ ထူးခြားမှုတွေစတင်ဖြစ်လာပြီး Renai လည်း အဲ့ဒီအရာတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ် ဒါ့ကြောင့်သူမဟာ Josh ကိုတခြားအိမ်ပြောင်းဖို့တိုက်တွန်းခဲ့ပါတယ်။

 ဒါပေမယ့်လည်း သူတို့အဲ့လိုအိမ်ပြောင်းပြီး မကြာခင်မှာပဲ Renai ဟာအိမ်အသစ်မှာ သရဲကို မြင်လိုက်ရပေမယ့် Josh ကတော့ သူ့မိန်းမပြောတာတွေကိုမယုံကြည်ခဲ့ပါဘူး ဒါပေမယ့် သူ့အမေ Lorraine က Dalton အခြေအနေနဲ့ပါတ်သက်ပြီး အကြံတစ်ခုပေးခဲ့ပါတယ် သူတို့ဟာ သရဲနှိမ်နင်းတဲ့သူတွေဖြစ်တဲ့ Lorraine ရဲ့ သူငယ်ချင်းဟောင်း Eliseနဲ့အတူ Specs နဲ့  Tucker တို့ကို ဒီအိမ်နဲ့ပါတ်သက်ပီး လေ့လာစမ်းစစ်ဖို့ ခေါ်လိုက်ပါတယ် အဲ့ဒီနောက်မှာတော့ Elise က Dalton ဟာ ရုပ်နမ်ခရီးသွားသူဖြစ်ပီး သူ့ကိုအမှောင်ကမ္ဘာကနေ ပြန်ဆွဲခေါ်ရမယ်လို့ ရှင်းပြခဲ့ပါတယ် အဲ့ဒိလိုဆွဲခေါ်နိုင်ဖို့ကလည်း ဖအေဖြစ်သူ Josh သာလျှင် အမှောင်ကမ္ဘာနဲ့ ဆက်သွယ်နိုင်သူဖြစ်တာကြောင့် သူကိုယ်တိုင်သွားခေါ်ခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လို သည်းထိပ်ရင်ဖိုဖြစ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါမလည်း ဆိုတာတော့ ကိုယ်တိုင်ပဲ ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ကြပါ
ဒီကားလေးကအရမ်းကောင်းတဲ့ကားလေးမို့ လက်လွှတ်မခံသင့်ပါဘူး

မှတ်ချက် _ကြောက်တတ်သူများမကြည့်ရ 😜
(သယ်ရင်းတွေစုကြည့်ကြရင် ပိုပျော်စရာကောင်းတယ်)

Translated By Aung Thiha Tun, Alex Yong
Encoded By J Jin Tai




                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Gets Daily Updates!

Follow us!

Share This Movie :

Comment with Your Facebook Account

 
Home | About | Contact Us
Copyright © 2012. Fullonline.in
Editor: Fullonline
Proudly powered by Blogger